Learning Management System (MOCLMS)
"Towards SMART Learning"
ယခုစနစ်တွင် အသုံးပြုသူများအနေဖြင့် Course Creator, Teacher နှင့် Student ဟူ၍ Role (၃)ခု ခွဲခြားထားပါသည်။ သင်တန်းမှူးအဆင့်မှ Course Creator အဖြစ်လည်းကောင်း၊ သင်တန်းနည်းပြများမှ Teacher အဖြစ်လည်းကောင်း၊ သင်တန်းသားများမှ Student အဖြစ်လည်းကောင်း ကိုယ်ပိုင် Account များ ဖွင့်လှစ်ကာ သင်တန်းအလိုက် ဝင်ရောက်သင်ကြားပို့ချ/သင်ယူ သွားရန် လိုအပ်ပါသည်။
သင်တန်းသားနှင့် နည်းပြများအနေဖြင့် မိမိနှင့်မသက်ဆိုင်သော သင်တန်း Course များအား Login ဝင်ရောက် အသုံးပြုခြင်းအား တားမြစ်ထားပြီး မိမိနှင့်သက်ဆိုင်သော သင်တန်း Course များသာ Login ဝင်ရောက်ခွင့်ရှိပါသည်။ ယခုစနစ်သည် သင်ကြား/သင်ယူမှုအား အထောက်အကူပြုသော File များ Share ခြင်း၊ သင်ခန်းစာများ ဖြန့်ဝေခြင်း၊ အလိုအလျောက်စနစ်ဖြင့် မေးခွန်းတိုများ စစ်ဆေးခြင်း၊ နည်းပြများမှ သင်တန်းသားတစ်ဦးချင်းစီအား Remind ပြုလုပ်ခြင်း၊ မှတ်ချက် ဝင်ရောက်ရေးသားခြင်း၊ သင်တန်းအချိန်ဇယားအလိုက် သင်ခန်းစာစနစ်များ၊ သင်တန်းတက်ရောက်မှုနှင့် သင်ခန်းစာအမှတ်ပေးစနစ်များအား အလိုအလျောက် ဆောင်ရွက်ပေးခြင်း၊ သင်တန်းသား မှတ်ပုံတင်စနစ်များ အလိုအလျောက် ဆောင်ရွက်ပေးခြင်း၊ Video Conferencing စနစ်များဖြင့် သင်ကြားပို့ချနိုင်ရေး Plugin များ ပါဝင်ခြင်း၊ Office စနစ်များဖြင့် ချိတ်ဆက်အသုံးပြုနိုင်ခြင်းနှင့် အခြားသော သင်ကြားမှု/သင်ယူမှု အထောက်အကူများထည့်သွင်းထားပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ e-Government ဌာနခွဲမှ ယခုစနစ်အား ဌာနတွင်းရှိ ဝန်ထမ်းများဖြင့် အကောင်အထည်ဖော် လွှင့်တင်ထားခြင်းဖြစ်ပါသည်။
အောက်တွင်ဖော်ပြထားသော Course Categories တွင် ဌာနအလိုက် သင်တန်းများအား ဝင်ရောက်လေ့လာကာ သင်ခန်းစာအလိုက် သက်ဆိုင်သည့် နည်းပြနှင့် သင်တန်းသားများမှ Login ဝင်ရောက် သင်ကြားနိုင်ပါသည်။
ယခုစနစ်အား Computer များတွင် Web Browser ဖြင့်လည်းကောင်း၊ Mobile Phone များတွင် Moodle Mobile Application ဖြင့်လည်းကောင်း အောက်ပါအတိုင်း အသုံးပြုနိုင်ပါသည်။
Computer များဖြင့် အသုံးပြုခြင်း
(၁) ဝန်ကြီးဌာန Website : https://construction.gov.mm မှတစ်ဆင့် MOC Learning Management System Tab သို့ ဝင်ရောက်အသုံးပြုခြင်း
(၂) https://moclms.net မှတစ်ဆင့် ဝင်ရောက်အသုံးပြုခြင်း
Mobile Phone များဖြင့် အသုံးပြုခြင်း
(၁) Android Phone ဖြင့် ဝင်ရောက်ပါက Moodle Application အား အသုံးပြုရမည်ဖြစ်ပြီး Site Link တောင်းခံပါက moclms.net အား ဖြည့်စွက်ရန်နှင့် နောက်တစ်ဆင့်တွင် မိမိ၏
User Name နှင့် Password ကို အသုံးပြုကာ ဝင်ရောက်နိုင်ပါသည်။
(၂) Android Phone များအတွက် Moodle Application အား Download ရယူရန် အောက်ပါ Link ကို နှိပ်ပါ (သို့မဟုတ်) Google Play Store တွင် ရယူပါ။
https://m.apkpure.com/moodle/com.moodle.moodlemobile/download?from=details
(၃) iOS Phone များအတွက် Moodle Application အား Apple Store တွင် Download ရယူပါ။