- စီမံအုပ်ချုပ်သူ (Admin) Account သည် MOCLMS စနစ်၏နည်းပညာဆိုင်ရာစီမံခန့်ခွဲမှုများကို ဆောင်ရွက်ပါသည်၊ ပြည်ထောင်စုဝန်ကြီးရုံး e-Government ဌာနခွဲမှတာဝန်ယူဆောင်ရွက်ပါသည်။
- သင်တန်းတာဝန်ခံ (Manager) Account သည် သင်တန်းစနစ်များအားလုံးကိုစီမံခန့်ခွဲနိုင်သည်၊ ကျောင်းအုပ် (သို့မဟုတ်)သင်တန်းတာဝန်ခံမှတာဝန်ယူဆောင်ရွက်ပါသည်၊
- သင်ရိုးရေးဆွဲသူ (Course Creator) Account သည် သင်တန်းများအား သင်တန်းအချိန်ဇယားနှင့် သင်ရိုး အပါအဝင် အသေးစိတ်ဆောင်ရွက်ရမည့်ကိစ္စရပ်မျာအား တာဝန်ယူဆောင်ရွက်ပါသည်၊
- တာဝန်ခံနည်းပြဆရာ (Teacher) Account သည် မိမိတာဝန်ယူသင်ကြားမည့်သင်ခန်းစာနှင့်သင်ကြားမှုများကိုစီမံခန့်ခွဲနိုင်ပါသည်။
- နည်းပြ/အကူနည်းပြ (Non-Edited Teacher) Account သည် တာဝန်ခံနည်းပြဆရာမှစီမံသင်ကြားသော သင်ခန်းစာများအားကူညီပေးရသူဖြစ်ပြီး သင်ခန်းစာများအား မိမိသဘောအလျှောက်စီမံခွင့်မရှိပါ၊
- ကျောင်းသား/သင်တန်းသား (Student) Account သည် တက်ရောက်သင်ယူသည့် သင်တန်းအလိုက် သင်တန်းသား အကောင့်များဖြစ်ပြီး ထို Account မျာအား သင်တန်းအလိုက် တာဝန်ခံများကဖွင့်လှစ်ပေးခြင်းဖြင့် ဝင်ရောက်သင်ကြားရမည်ဖြစ်ပါသည်။
- ဧည့်သည် (Guest) Account သည် MOCLMS စနစ်အား Username/ Password ဝင်စရာမလိုပဲ Login ဝင်ရောက်လေ့လာနိုင်သည်၊ သို့သော် စိမံဆောင်ရွက်ခွင့်နှင့် မလိုအပ်သည့်နေရာဝင်ရောက်ခြင်းများအားကန့်သတ်ထားမည်ဖြစ်ပြီး Public တင်ပြထားသည်များကိုသာကြည့်ရှုနိုင်သည်။
သင်တန်းသားနှင့်ဆရာများအနေဖြင့် Manager Tel (0673407440) နှင့်ဆက်သွယ်၍ သက်ဆိုင်ရာ Account များဖွင့်လှစ်ရန်လျှောက်ထားနိုင်ပါသည်။
သတိပြုရန် ။ Account များဖွင့်လှစ်ပြီးပါက မိမိပိုင် Account စာမျက်နှာတွင် မိမိဆောင်ရွက်ရမည့် သင်တန်း/သင်ခန်းစာနှင့် သက်ဆိုင်သော ကိစ္စရပ်များသာ ဖော်ပြဆောင်ရွက်ခွင့်ရမည်ဖြစ်ပြီး မိမိနှင့်မသက်ဆိုင်သော ကိစ္စရပ်များပါဝင်မည်မဟုတ်ပါ၊